Wednesday, December 14, 2016

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ခြောက် (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း)

 ဒီ Video Editing လေ့ကျင့်ခန်း ပိုစ့်မှာတော့ DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း၊ အပြီးပိုင်းကို Master DVD ခွေ တစ်ချပ် ထုတ်ယူလို့ ရတဲ့အထိ ပုံလေးတွေနဲ့ ဆက်လက်တင်ပြပေးထားပါတယ်..။ နောက်ရက်တွေ ဆက်တင်ပေးမယ့် ပိုစ့်တွေမှာတော့ DVD သီချင်းခွေ ထုတ်ယူလို့ ရတဲ့ အကောင်းဆုံးဆော့ဝဲလ် နောက်တခုကိုလည်း ဆက်လက်တင်ပေးပါအုန်းမည်..။ CD သီချင်းခွေ ထုတ်တတ်ချင်တဲ့သူများအတွက်လည်း၊ CD သီချင်းခွေ ထုတ်နည်းနဲ့ ဆော့ဝဲလ်ကို ထပ်တင်ပေးပါမည်..။
 နောက်တခုက ဒီပိုစ့်မှာ မိမိတို့ ဖန်တီးထားပြီးတဲ့ DVD Menu နဲ့ Chapters ဒီဇိုင်းတွေကို အခွေမကူးခင် Preview နဲ့ ပြန်လည် ကြည့်လို့ရအောင်၊ ကြည့်နည်းကိုပါ ဒီပိုစ့်မှာ နမူနာကြည့်လို့ရအောင် တစ်မိနစ်ကျော်စီကြာတဲ့ Video ဖိုင်လေး ၂-ခုနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ Video လေးတွေကို ကြည့်ပြီး.. မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ဖန်တီးယူသုံးလို့ ရအောင်ဖြစ်ပါတယ်..။ အသုံးလိုတဲ့သူများအတွက် မနေ့က ပထမပိုင်းရဲ့ အဆက်ကနေ ဒီနေ့ နောက်ပိုင်းပြီးတဲ့အထိ အောက်မှာ ပုံလေးတွေနဲ့ ဆက်လက်လေ့လာနိုင်ပါပြီ..။

Cyberlink Power Director 11


မနေ့က ပထမပိုင်းမှာတော့ အပေါ်ကပုံလေးအထိ ရောက်သွားပါပြီ..။ ဒီနေ့ ဒီနေရာက ပြန်ဆက်တော့.. အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Home, Next, Previous စတဲ့ Icon ပုံလေးတွေကို အရောင်နဲ့ ဒီဇိုင်းပြောင်းလို့ရတဲ့ နေရာလေးပဲ ဖြစ်ပါတယ်..။ မိမိတို့ ကြိုက်နှစ်သက်ရာ ပြောင်းသုံးနိုင်ပါတယ်..။




အပေါ်ကပုံလေးတွေအတိုင်း Button လေးတွေကို အရောင်လေးတွေ ပြောင်းယူအသုံးပြုလို့ ရပါပြီ..။
အောက်ကပုံလေးတွေက စပြီး DVD Menu ရဲ့ ဒုတိယ စာမျက်နှာတို့၊ တတိယ စာမျက်နှာတို့ကို ဖန်တီးယူတော့မှာ ဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးမှာ ပြထားတဲ့အတိုင်း Title/Chapter Menu ကို ရွေးယူပါ..။



ပြီးရင်တော့ မိမိတို့ ဖန်တီးယူမယ့် ပုံစံကွက်လေးတွေ ညီညာမှုရှိအောင် ချိန်ယူလို့ရတဲ့ ဇယားကွက်လေးတွေကို အပေါ်ကပုံလေးအတိုင်း Grid Lines နဲ့ အကွက်ဖေါ်ပါမယ်..။ ကျနော်ကတော့ 4x4 နဲ့ ချိန်ယူပါတယ်..။ အောက်ကပုံလေးအတိုင်း အကွက်လေးတွေပေါ်လာပါပြီ..။ 
နောက်တဆင့်မှာတော့ မူရင်း ဖန်တီးပေးထားတဲ့ အကွက်လေးတွေက ၄-ကွက် အများဆုံးပဲ ရှိပါတယ်..။ ပုံမှာ မျှားနီနဲ့ ပြထားတဲ့အတိုင်း Button Layout ကနေ ၄-ကွက်ပေါ်တဲ့ နေရာကို တချက်နှိပ်ပြီး ယူလိုက်ပါပြီ..။ အဝါရောင်နဲ့ ဝိုင်းပြထားသလို အကွက်လေး ၄-ကွက် တန်းပေါ်လာတယ်..။

အောက်ကပုံမှာ ပြထားတာကတော့ ဒီအကွက်လေးတွေကို ဒီဇိုင်းလေးတွေ ဖန်တီးယူလို့ ရပါသေးတယ်..။ ကြိုက်ရာယူသုံးပါ..။ ကျနော်ကတော့ ရိုးရိုးနဲ့ပဲ ဆက်သွားပါတယ်..။


နောက်တဆင့်မှာတော့ မောက်စ်နဲ့ ဖိဆွဲပြီး အကွက်လေးတွကို မိမိတို့ ထားလိုတဲ့ နေရာကို ဆွဲရွှေ့ယူပါ..။ အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ကျနော်က အကွက် ၁၂-ကွက် တန်းစီမှာ ဖြစ်လို့ ဒီ ၄-ကွက်ကို အပေါ်ပိုင်းမှာ တစ်ကွက်စီ ရွှေ့ယူပြောင်းထားပါတယ်..။ မျှားနီနဲ့ ပြထားတာကတော့ အကွက်နဲ့ အောက်က Item1 လို စာသားမျိုးကို တခုစီပဲ ပြောင်းရွှေ့ယူလို့ ရတာပါ..။ ဒီနှစ်ခု ကြည့်ရအဆင်ပြေအောင် မိမိတို့ကိုယ်တိုင်ပဲ ချိန်ယူရမှာ ဖြစ်ပါတယ်..။ အဝါရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း မြင်ရသလို ညီညာအောင် စီလိုက်ပါတယ်..။ ပြီးရင်တော့ နောက်ထပ် အကွက်လေးတွေ ထပ်ထည့်ဖို့ Add button ကို နှိပ်ပါ...။


အောက်ကပုံမှာ ပြထားသလို Add button တချက်နှိပ်၊ ပေါ်လာတဲ့ အကွက်လေးက သူ့အလိုလို နံပါတ်ပါလာမှာ ဖြစ်ပါတယ်..။ အဝါရောင်နဲ့ ပြထားတဲ့ နေရာကို အဲကောင်လေးရောက်အောင် ရွှေ့ယူ ပေးထားလိုက်ပါ..။ ပေါ်လာတဲ့ အကွက်တွေက ကြီးနေရင်တော့ အကွက်ရဲ့ ဘေးဘောင်မှ အသီးလေးတွေကို မောက်စ်နဲ့ ဖိဆွဲပြီး သေးယူလို့ ရပါတယ်..။



အပေါ်နဲ့ အောက်ကပုံတွေအတိုင်း ၁၂-ကွက်ပြည့်အောင် ကျနော်တခုစီ လုပ်ယူပါတယ်..။


မိမိတို့ လိုသလောက် အကွက်တွေကို ထည့်ပြီးရင်တော့.. အောက်ကပုံလေးမှာ ပြထားတဲ့အတိုင်း မျှားအဝါနေရာနေ No Effect ကို ရွေးပေးလိုက်ပါ..။ ဒါမှသာ ပုံတွေ သေချာစွာ ပေါ်မှာ ဖြစ်ပါတယ်...။



အပေါ်ကပုံအတိုင်း ဒီဇိုင်းလေးတွေ ဖန်တီးယူလို့ ရပါသေးတယ်..။ မကြိုက်ရင်တော့ အောက်ကပုံလေးအတိုင်း ကြက်ခြေခတ်ကို ပြန်နှိပ်ပြောင်းပါ..။


စိတ်ကြိုက် အကွက်လေးတွေ ဖန်တီးပြီးရင်တော့ အပေါ်ပုံမှာ ပြထားတဲ့ Save as နဲ့ အရင် သိမ်းပါ..။ အောက်ကပုံလေးအတိုင်း ကြိုက်ရာ နာမည်ပေးလိုက်ပါ..။




အပေါ်ပုံလေးတွေအတိုင်း အလုပ်လုပ်တာ ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း Save ပြီး ထွက်လိုက်ပါ..။


ဒါဆိုရင် ကျနော် ဖန်တီးလိုက်တဲ့ DVD Menu ဒီဇိုင်းလေး တခုကို အောက်ကပုံလေးအတိုင်း ရရှိ မြင်ရပြီ ဖြစ်ပါတယ်..။ အဲလို ဖန်တီးလိုက်တဲ့ DVD Menu ဒီဇိုင်းထဲမှာ ကျနော်တို့ သီချင်း Video တွေ ထည့်သုံးမှာ ဖြစ်တဲ့အတွက် အခုနာမည်ပေးသိမ်းလိုက်တဲ့ ကောင်လေးကို တချက်နှိပ်ပြီး ယူပါတယ်..။ ပြီးရင်တော့ အောက်က ဒုတိယပုံမှ နောက်ပေါ်လာတဲ့ စာသား Apply to All Pages ကို ဆက်နှိပ်လိုက်ပါ..။




အပေါ်ပုံအတိုင်း My Video, Play, Scenes စတဲ့ စာသားတွေ ပြောင်းလဲပေါ်လာပါလိမ့်မယ်..။ ဒီအဆင့်တွေမှာလည်း ကျနော်တို့ အနည်းငယ် ထပ်ပြောင်းပေးဖို့ လိုပါသေးတယ်..။ အရင်ဆုံး သူပေးထားတဲ့ သီချင်းတီးလုံးသံကို မလိုချင်တဲ့အတွက် အပေါ်ပုံမှ မျှားနီပြထားတဲ့ အနုတ် သံစဉ်ပုံလေး ပါတဲ့ နေရာကို တချက်နှိပ်ပြီး အသံကို ဖယ်ထုတ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးမှာ ပြထားတဲ့ အပေါင်း သံစဉ်ပုံလေးပါတဲ့ နေရာကို နှိပ်ပြီး မိမိတို့ ထည့်သုံးလိုတဲ့ သံစဉ်တီးလုံး ဝင်ရောက် ရွေးယူပေးလိုက်ပါ..။ ဒီနေရာမှာ ထည့်သုံးတဲ့ တီးလုံးသံတွေကတော့ MP3 or WAV ဖေါ်မတ်နဲ့ သီချင်းတွေ ဖြစ်ဖို့ လိုပါတယ်..။ ဒီသီချင်း တီးလုံးအသံကတော့ DVD ခွေ ဖွင့်ဖွင့်ချင်းမှာ ပေါ်လာမယ့် အသံပဲဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း ကျနော်က အဆင်သင့် ရွေးချယ်ထားပြီးသား သီချင်းတီးလုံးတစ်ပုဒ်ကို ဝင်ယူပါတယ်..။ အောက်ကပုံလေးကတော့ ထိုသီချင်းကို မိမိတို့လိုတဲ့ အပိုင်းလေး စက္ကန့် ၃၀ ကျော်လောက်ကိုသာ ဖြတ်ထုတ် ရွေးယူပေးရမယ့် နေရာပဲ ဖြစ်ပါတယ်..။ လိုသလို ချိန်ယူပြီးရင်တော့ အောက်ကပုံမှ မျှားနီနဲ့ ပြထားတဲ့ အဆင့်အတိုင်း Apply to All Page ကို ဆက်နှိပ်ပေးလိုက်ပါ..။


 အောက်ကပြထားတဲ့ နေရာကတော့ Video လည်း ထည့်သုံးလို့ ရတဲ့ နေရာပါ..။ ကျနော်က ပုံကိုသာ ထည့်သုံးတာ ဖြစ်လို့ ဒီအဆင့်ကို အသုံမပြုပါဘူး..။



အပေါ်ပုံလေးမှာ ပြထားတဲ့ နေရာကတော့ အောက်ကပုံတွေမှာ လိုအပ်ရင် ဝင်ပြောင်းပေးဖို့ပါ..။ လိုအပ်တာကတော့ 15 စက္ကန့်နေရာမှာ စက္ကန့် 30 သို့မဟုတ် 40 လောက်ထားပေးလိုက်ပါ..။ အောက် ဒုတိယပုံမှာ ကြည့်ပါ..။ ပြီးရင် Ok ဆက်ပေးလိုက်ပါ..။



နောက်တခုကတော့ အောက်ကပုံမှာ ပြထားတဲ့ နေရာတွေမှာ မိမိတို့ ရေးထည့်လိုတဲ့ စာသားတွေကို အောက်က ဒုတိယပုံမှာ ပြထားသလို ကြိုက်ရာကို ရေးထည့်နိုင်ပါတယ်..။ စာကြောင်း တခုစီကို နှိပ်ပြီး၊ တခုစီ စာပြန်ရေးထည့်လို့ ရတဲ့၊ လွယ်ကူတဲ့ နေရာလေးပဲ ဖြစ်ပါတယ်..။



အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဖန်တီးပြီးရင်တော့ ကျနော် Preview နဲ့ ကြည့်တဲ့အခါ အောက်က Video 1 ကအတိုင်း မြင်ရပြီ ဖြစ်ပါတယ်..။
Video 1



 စိတ်ကြိုက်ဖြစ်လို့ အခွေ Burn တဲ့အခါမှာတော့ အောက်ကစာသားလေးနဲ့ ပေါ်လာပါတယ်..။ ဆိုလိုတာက သီချင်း ၁၂-ပုဒ်ကို Page ၂-ခု ခွဲပြီး DVD Menu ဖန်တီးခိုင်းတာပါ..။ သီချင်း ၁၂-ပုဒ်ကို Page တခုထဲနဲ့ မရပါဘူးတဲ့.. ဒါကြောင့် အောက်က Video 2 အတိုင်း ကျနော် ပြန်ပြင်ထုတ်ပါတယ်..။



Video 2 မှာ မြင်ရတဲ့ page ၂-ခု ပေါ်အောင် ဖန်တီးတာလည်း အပေါ်က လုပ်ခဲ့တဲ့ နည်းအတိုင်းပါပဲ..။ ၁၂-ကွက်နေရာမှာ ၆-ကွက် ကိုသာ ဖန်တီးပြီး ယူသုံးလိုက်တာနဲ့ Page ၂-ခု အလိုလို ခွဲထုတ်ပေးပြီးသား ဖြစ်ပါတယ်..။
Video 2
  

အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ကျနော် DVD Menu တွေ အများကြီး ဖန်တီးထားပြီးသား ရှိတဲ့ထဲက အကွက် ၆-ကွက် ပါတဲ့ DVD Menu ကို ယူသုံးပါတယ်..။ ဒီ Menu တွေ အားလုံးကို အပေါ်မှာ ဖေါ်ပြခဲ့တဲ့ နည်းအတိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်..။


အပေါ်ပုံ အဝါရောင်နဲ့ ပြထားတဲ့နေရာကတော့ လိုအပ်ရင် ဖန်တီးထားပြီးသား DVD Menu ကို ပြန်ပြင်ယူလို့ ရတဲ့နေရာပဲ ဖြစ်ပါတယ်..။ အားလုံး အဆင်ပြေပြီဖြစ်လို့ ကျနော် အောက်ကပုံလေးအတိုင်း Burn in 2D ကို နှိပ်ပြီး အခွေ Burn ထုတ်ပါပြီ..။



အပေါ်ပုံအတိုင်း အခွေနာမည်ပေးပြီး Start Burning ကို ဆက်နှိပ်ပါတယ်..။ DVD အခွေသစ် ထည့်မထားရသေးတဲ့အတွက် အောက်ကပုံအတိုင်း ပေါ်လာပါတယ်..။ OK ပေးပြီး အခွေထည့်ပေး၊ Start Burning ကို ပြန်နှိပ်လိုက်ရင်တော့ အောက်ကဆုံးပုံလေးတွေအတိုင်း Master ခွေ တစ်ခွေဖြစ်အောင် Burn ပေးနေပါပြီ..။



အောက်ကပုံလေးတွေအတိုင်း ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။ တစ်နာရီခန့်ကြာတတ်ပါတယ်..။ အခွေ Burn နေစဉ်အတွင် စက် Sleep ကျမသွားအောင် သေချာ ဂရုစိုက်ပေးပါ..။ ဒါဆိုရင် ရပါပြီ..။



ဒီပိုစ့်က ဒီမှာတင်ပြီးသွားပါပြီ..။ မှတ်ချက်အနေနဲ့ ဒီ Power Director 11 နဲ့ DVD သီချင်းခွေထုတ်နည်း နောက်တစ်နည်း ရှိပါသေးသည်..။ နောက်တင်မယ့်ပိုစ့်မှာ ဆက်လက်ဖေါ်ပြပေးပါမည်..။ သို့သော် Power Director 11 နဲ့ သီချင်းခွေ DVD ထုတ်တဲ့အခါ သီချင်း ၄-၅ ပုဒ်လောက်ကိုသာ ကောင်းစွာ  Data စုစည်းပေးနိုင်ပြီး၊ သီချင်း ၁၀-၁၂ ပုဒ်ဖြစ်သွားလျှင် ဒီဆော့ဝဲလ်ရဲ့ Data စုစည်းပေးမှုက ပွ လွန်းသည်ဟု ပြောရမည်ပင်..။ နားလည်လွယ်အောင် ပြောရမည်ဆိုလျှင် သီချင်း ၅-ပုဒ် လောက်ဆိုရင် DVD Player နဲ့ ဖွင့်တဲ့အခါ ကောင်းစွာ ကြည့်လို့ရပါသည်..။ သီချင်း ၁၀-၁၂ ပုဒ် ဖြစ်သွားရင်တော့ သီချင်းတွေ ကောင်းစွာ ဖွင့်မရပဲ အခွေ ထစ် သလို ဖြစ်တတ်ပါသည်..။ ဒါကြောင့် နောက်ပိုင်းတင်ပေးမယ့် ပိုစ့်မှာ DVD သီချင်းခွေ ထုတ်ဖို့အတွက် အကောင်းဆုံးဆော့ဝဲလ်တစ်ခုကို ထပ်တင်ပေးပါမည်..။ ဒီ Power Director 11 ကိုတော့ Video Edit ပြုလုပ်တဲ့နေရာမှာ လွယ်ကူတဲ့အတွက်.. အခြေခံ လေ့လာသင်ယူတဲ့သူများအတွက် ရည်ရွယ်ပြီး အတတ်မြန်အောင် အသုံးပြုပြရခြင်းဖြစ်ပါသည်..။ အားလုံးပဲ လေ့လာရင် အလွယ်တကူ တတ်မြောက် ပျော်ရွှင်နိုင်ကြပါစေ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)

  ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ 
  ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။ 

Cyberlink Power Director 11

ကျနော် အခွေထုတ်ပေးခဲ့တဲ့ Project ဖိုင်နဲ့ ဒီပိုစ့်မှာ ဆက်ပြပေးပါမယ်..။ ဒီအောက်ကပုံလေးအတိုင်း သီချင်းနာမည်နဲ့ အဆိုတော်၊ တေးရေး စတာတွေကို Photoshop နဲ့ ပုံဖေါ်ပြီး JPEG ဓါတ်ပုံဖေါ်မတ်နဲ့ Save ပြီး သီချင်းရဲ့ ရှေ့မှာ ၈-စက္ကန့်ဆွဲဆန့်ထားပါတယ်..။ ပုံကိုလည်း မျှားအစိမ်းနေရာကနေ ယူပြီး ထည့်ပါတယ်..။ မျှားအဝါရောင်နေရာတွေကတော့ Video ဖိုင်တွေ တခုနဲ့တခုဆက်တဲ့ အပိုင်းတွေကို Fade တွေသုံးပြီး ဆက်ထားတာကို ပြထားတာပါ..။



အပေါ်ပုံမှာ ပြထားတဲ့ နေရာကတော့ Fade Effect ကို ဓါတ်ပုံနဲ့ Video ဆက်တဲ့နေရာမှာ အရင်ပိုစ့်တွေအတိုင်း ဆွဲထည့်ထားလိုက်တာပါ..။
အောက်ပုံမှာတော့ Video ရော၊ စာသားရော၊ သီချင်းရော စတာတွေကို Edit လုပ်ပြီးသွားလို့ စိတ်ကြိုက်ဖြစ်ပြီးတဲ့ပုံလေးကို မြင်ရအောင် အပြည့်ဖေါ်ပြပေးလိုက်တာပါ..။ နောက် သီချင်းဖိုင်ထုတ်ဖို့အတွက် မျှားအဝါနေရာက Produce နေရာကို ဆက်နှိပ်လိုက်ပါတယ်..။ 


ဒီအောက်ကပုံ နေရာမှာတော့ ရွေးယူတာ DVD အခွေထုတ်ဖို့ဖြစ်တဲ့အတွက် MPEG-2 >> DVD HQ 720x480 မျှားအဝါပြထားတဲ့ နေရာ မှန်အောင်ရွေးယူပါ..။ တကယ်လို့ ရိုးရိုး MP4 နဲ့ Video ဖိုင်ထုတ်ချင်တာ ဆိုရင်တော့ MPEG-4 နေရာကနေ ဝင်ပြီး ထုတ်ယူပါ..။ ဒီမှာတော့ DVD အခွေအတွက် ထုတ်မှာဖြစ်လို့ အောက်ကပုံလေးအတိုင်း ထုတ်ယူပါတယ်..။ Output နေရာမှာတော့ ရှာရလွယ်အောင် Desktop ကို ရွေးပေးပြီး Start ကို နှိပ် ထုတ်ပါပြီ..။


အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်နေရင် ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့ ကျနော်ထုတ်လိုက်တဲ့ 720X480 ဆိုဒ်ရှိတဲ့ Video ဖိုင်လေးကို ရရှိပါပြီ..။ 
အောက်ကပုံမှာမြင်ရတာတော့ အပေါ်ကနည်းအတိုင်း ထုတ်ခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်..။ ကျနော် DVD အခွေထုတ်မယ့် သီချင်း ၁၂-ပုဒ် ကို ဖိုင်တခုထဲမှာ စုထည့်ထားလိုက်တာပါ..။


ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Power Director ကနေ New Project ကို ပြန်စယူပါပြီ..။



ပြီးရင်တော့ သီချင်း ၁၂-ပုဒ်ကို အပေါ်ပုံနဲ့ အောက်ကပုံလေးအတိုင်း New Project ထဲ ဆွဲထည့်ပါတယ်..။


နောက်တဆင့်မှာတော့ မိမိတို့ ရှေ့ဆုံးမှ ပေါ်လိုတဲ့ သီချင်းကို အောက်ကပုံလေးအတိုင်း Time Line ထဲ တပုဒ်စီ ဆွဲထည့်လိုက်ပါ..။ မျှားအဝါနဲ့ ပြထားတာကတော့ Time Line ကို Zoom ဆွဲပြီး ကျုံ့ယူဖို့ ပြထားတာပါ..။


နောက်သီချင်းတွေကိုလည်း မိမိတို့ အစဉ်လိုက်ပေါ်လိုတဲ့ အတိုင်း တပုဒ်စီ Time Line ထဲ ဆွဲထည့်လိုက်ပါ..။



အပေါ်ပုံအတိုင်း သီချင်းအာလုံး Time Line ထဲ ရောက်သွားပြီဆိုရင်တော့.. ရှေ့ဆုံး တပုဒ်ကို အရင် တချက်ကလစ်ပြီး မျှားအဝါနဲ့ ပြထားတဲ့ 123 လို့ ပြထားတဲ့ Button နေရာလေးကို ဆက်နှိပ်ပါ..။ အောက်ကပုံလေးအတိုင်း Chapter1 လို့ ဆက်ပေါ်လာမှာ ဖြစ်ပါတယ်..။


အပေါ်ပုံနဲ့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဒုတိယ သီချင်းပုဒ်ကို ဆက်နှိပ်ပြီး C+ နေရာကို ဆက်နှိပ်လိုက်ပါ..။


နောက်သီချင်း အပုဒ်တွေကိုလည်း ဒုတိယ သီချင်းပုဒ်နှိပ်သွားတဲ့အတိုင်း ဆက်နှိပ်သွားလိုက်ပါ..။


အပေါ်ပုံနဲ့ အောက်ကပုံတွေအတိုင်း ဆက်မြင်ရမှာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း သီချင်း ၁၂-ပုဒ် ကို တန်းစီထားလို့ ပြီးသွားပါပြီ..။ စီထားပြီးသား သီချင်းတွေ အလွယ်ပြန်ယူသုံးလို့ ရအောင် ဒီ Project လေးကိုလည်း Save Project နဲ့ အရင် သိမ်းထားဖို့ လိုပါတယ်..။
 အောက်ကပုံမှာ ပြထားတာကတော့ Chapter နေရာမှာ မိမိပြန်ပြောင်းထားလိုတဲ့ နာမည်ကို Right Click >> Rename ကနေ နာမည်ပြင်ပေးလို့ ရပါတယ်..။ ကျနော်က မြန်မာလို ပြောင်းကြည့်တာ မပေါ်တဲ့အတွက် သူပေးတဲ့အတိုင်း Chapter1,2,3,4 စသဖြင့်သာ ဆက်အသုံးပြုလိုက်ပါတယ်..။



ကျနော် Chapter1,2,3,4 နဲ့သာ ဆက်သုံးမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း Create Disc ကို ဆက်သွားပါတယ်..။



အပေါ်ပုံအတိုင်း ခဏစောင့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Menu Structure ကနေ သီချင်းတွေ ဆက်သွယ်ထားပုံကို ကြည့်လို့ ရပါပြီ..။



အပေါ်ပုံမှာ မျှားအဝါနဲ့ ပြထားတာကတော့.. 4700 MB ဆိုတာ ရိုးရိုး DVD တချပ်ရဲ့ မန်မိုရီ အရှိကို ဖေါ်ပြထားတာဖြစ်ပြီး.. 3527 MB ဆိုတာကတော့ ကျနော်အခု ထည့်လိုက်တဲ့ သီချင်း ၁၂-ပုဒ်ရဲ့ မန်မိုရီကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ ဆိုလိုတာက 4700 MB ထက် မကျော်ရ၊ မပိုရ ဆိုတဲ့ အဓိပ္ပါယ် ပါ..။ ဒီထက်ကျော်သွားရင် 8GB ရှိတဲ့ DVD R DL (Double Layer) Disc ကို အသုံးပြုဖို့ ဖြစ်ပါတယ်..။ သို့မဟုတ် Blu-ray Disc တွေကို ပြောင်းသုံးဖို့ ဖြစ်ပါတယ်..။ ဒါကို နားလည်ဖို့လိုပါတယ်..။ ဒီအဆင့်မှာ အဆင်ပြေရင်တော့ Menu Preferences ကနေ Create Menu ကို ဆက်ရွေးယူပါ..။



အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် Root Menu ကို အရင်ရွေးယူပါ..။ ပြီးရင်တော့ အောက်ကပြထားတဲ့ ပုံနေရာကနေ Menu မှာ ဖေါ်ပြလိုတဲ့ပုံ (သို့) Video ကို အရင် ဝင်ယူပေးရမှာ ဖြစ်ပါတယ်..။




အပေါ်ကပုံအတိုင်း ပုံတပုံ ဝင်ယူလို့ ရပေမယ့်.. ကျနော် တကယ်ပုံဝင်ယူတဲ့ နေရာကတော့ အောက်ကပုံလေးမှာ ပြပေးထားတဲ့အတိုင်းသာ Add Image ကနေ သွားယူတာဖြစ်ပါတယ်..။



အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပုံတပုံ ရောက်လာရင်တော့ ဘေးနားတွေကို ဆွဲချဲ့ပြီး အောက်ကပုံအတိုင်း နေရာချပါတယ်..။ မျှားနီနဲ့ ပြထားတာကတော့ အဲဒီမျဉ်းကြောင်း ဘောင်လေးအတွင်းမှာသာ TV ဖန်သားပြင်မှာ ပေါ်နေမှာပါလို့ ဆိုလိုတာပါ..။ ဒါကြောင့် အလယ်ကျအောင်နဲ့ အားလုံးပေါ်အောင် ဒီပုံအတိုင်း ဆွဲဆန့်ပါတယ်..။ ဒီဘောင်လေး ပေါ်လိုရင် TV Safe Zone မှာ အမှန်ခြစ်တပ်ပေးလိုက်ပါ..။ (စကားချပ်။ ။ဒီသီချင်းခွေကို ညီအစ်ကိုလို ခင်တဲ့ သူငယ်ချင်း ကောင်လေးတွေရဲ့ စိတ်ဆန္ဒအတိုင်း ခရစ္စမတ်အမှီထုတ်ချင်တဲ့အတွက် 2014 နိုဝင်ဘာ လဆန်းပိုင်းကတည်းက ထုတ်ဝေဖြန့်ချီပေးခဲ့ပြီး ဖြစ်ပါသည်..။ Menu ပုံမှာ မထင်မရှား ခပ်မှုံမှုံဒီဇိုင်းကိုသာ သူတို့ပေးတဲ့အတိုင်း ထည့်သုံးပေးရခြင်း ဖြစ်ပါသည်..။)



နောက်တဆင့်မှာတော့ အပေါ်ပုံအတိုင်း အလယ်စာကြောင်းလေးတွေကို တခုစီ (သို့) အားလုံးကို စလက်ပေးပြီး Center ကို ဆွဲ ထည့်ခြင်းဖြင့် ညီညာစွာ မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း မျှားအဝါနဲ့ ပြထားတဲ့နေရာမှ No Effect ကို ရွေးပါ..။


ဒီအောက်ကပုံလေးတွေမှာတော့ အောက်ခံပုံပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေစေမယ့် စာသားအရောင်ကို ရွေးယူထည့်တတ်အောင် ပြပေးထားတာပါ..။ စာသားဒီဇိုင်း ကြိုက်ရာကို ရွေးယူ နိုင်ပါတယ်..။


အပေါ်ပုံအတိုင်း စာကြောင်းတခုစီ အရောင်းတွေ ပြောင်းသွားပြီဖြစ်ပါတယ်..။ ဒီနေ့ပိုစ့် ပထမပိုင်းကိုတော့ ဒီလောက်နဲ့ပဲ ရပ်နားထားပါမည်..။ နောက်ရက်မှာ ဒုတိယပိုင်း၊ အပြီးပိုင်းကို ဆက်တင် ပေးပါမည်..။ သို့သော်.. ဒီနည်းက DVD သီချင်းခွေ ထုတ်နည်း တစ်နည်းမျှသာ ဖြစ်ပါသည်..။ နောက်ထပ် လုပ်နည်းအနည်းငယ် ကိုလည်း နောက်ပိုင်း ပိုစ့်တွေမှာ အပိုင်းတွေခွဲပြီး ဆက်လက်တင်ပေးပါအုန်းမည်..။ အားလုံးပဲ လေ့လာရင် အလွယ်တကူ တတ်မြောက်နိုင်ကြပါစေ..။